Local News

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ကြေညာချက် အမှတ် (၁၃၁) ထုတ်ပြန်

Last Updated:

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှစတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာခရီးသွားများအနေဖြင့် Quarantine နေထိုင်ရန် မလိုကြောင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကိုဗစ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ နောက်ဆုံးမူဝါဒအဖြစ် တရုတ်နိုင်ငံ၏ National Health Commission မှ ထုတ်ပြန်ခဲ့ကြောင်းနှင့် အဆိုပါ မူဝါဒ ထုတ်ပြန်ပြီးနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)မှ ကိုဗစ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ဖြေလျှော့သည့်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကြေညာချက် အမှတ် -၁၃၁ ကို ထုတ်ပြန်ခဲ့ရာအဆိုပါ ထုတ်ပြန်ချက်တွင်အောက်ပါအချက်များ ဖော်ပြပါရှိကြောင်း သိရှိရပါသည်-

( က)   ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်မှစတင်၍ တရုတ်နိုင်ငံသို့ လာရောက်မည့် လူပုဂ္ဂိုလ်များ အား Nucleic Acid Test (NAT) စစ်ဆေးခြင်းအား ဖျက်သိမ်းကြောင်း၊

( ခ )   တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ ဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည့် မြို့များအနေဖြင့် လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်များမှ ကုန်ပစ္စည်းများ/ ခရီးသည်များ သယ်ယူပို့ဆောင်ရေးကို ပြန်လည်လုပ်ကိုင်ရန် တွန်းအားပေးကြောင်း၊

( ဂ )  ထို့အပြင် တရုတ်နိုင်ငံသို့ တင်သွင်းသည့် အေးခဲအစားအစာများ (Cold- chain Food) နှင့် အေးခဲမဟုတ်သော အစားအစာများ (Non Cold- chain Food) အား နယ်စပ်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးသည့် Nucleic Acid Test စစ်ဆေး သည့် စနစ်အား ဖျက်သိမ်းကြောင်း၊

 

 

 

                                                                                                    

                                                                                                                                                            ရုံးလုပ်ငန်းအဖွဲ့

             တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့အစားအသောက်

         တင်ပို့သည့်လုပ်ငန်းများမှတ်ပုံတင်မည့်ကိစ္စနှင့်

           ထောက်ခံချက်ပေးနိုင်ရေးအတွက်လုပ်ငန်းအဖွဲ့

 

Category: Local News